Wednesday, January 31, 2018

Home Studio မှာ ကိုယ်တိုင်တီးမယ့်သူများအတွက် လိုအပ်မယ့် Plugin များ

Home Studio မှာ ကိုယ်တိုင်တီးမယ့် ၀ါသနာရှင်များအတွက် လိုအပ်မယ့် Plugin များကို ကျနော် သိနားလည်သလောက်  လမ်းညွှန်ပေးချင်ပါတယ် ။

ဂီတအမျိုးအစားအလိုက် သန်ရာသန်ရာကွဲပြားမှု့များတော့ ရှိ့ကြပါတယ် ။ ကျနော် ရေးပေးမယ့် Plugin တွေကတော့ အများစု သုံးစွဲတတ်ကြတာကို ဦးစားပေးထားပါတယ် ။

ပထမဦးဆုံး ဒရမ်ရေးဖို့အတွက် XLN Audio က ထုတ်တဲ့ Additive Drum 2 ကို ညွှန်းချင်ပါတယ် ။
EZ Drummer 2 - Superior Drummer 3 - BFD Drum 2-3 တို့ ရှိ့သေးပေမယ့် ဒီကောင်တွေက ဖိုင်ဆိုဒ်ကြီးပြီး စက်လေးလို့ပါ ။ Hiphop - EDM - R&B - House စတဲ့သူတွေကတော့ One Shot ဒရမ်သံတွေနဲ့ Fl Studio - Ableton Live စတဲ့ Daw တွေမှာ ရေးသုံးတတ်ကြပါတယ် ။

Bass Guitar အတွက်တော့ Ample ကထုတ်တဲ့ကောင်တွေ ကြိုက်ပါတယ် ။ Daw အားလုံးမှာ သုံးစွဲနိုင်လို့ပါ ။ ဒါပေမယ့် စက်တော့လေးတယ် ။ CPU တော့ အုပ်ပါတယ် ။ IK Multimedia က ထုတ်တဲ့ Modo Bass လည်း မိုက်ပေမယ့် 32 Bit မရလို့ Nuendo - Cubase သမားများအတွက် အဆင်မပြေပြန်ပါဘူး ။  Hiphop - EDM - R&B - House စတဲ့သူတွေကတော့ 808 BASS MODULE လိုမျိုး Synth ဘက်နွယ်တဲ့ Bass Plugin တွေ အသုံးများကြပါတယ် ။

Guitar အစစ် မတီးဖမ်းတဲ့သူတွေအတွက်တော့ Steinberg Virtual Guitarist 1 & 2 က သုံးစွဲရလွယ်ကူပါတယ် ။ Nuendo - Cubase သမားများအတွက် အဆင်ပြေပါတယ် ။ ကျန်တဲ့ 64 Bit Daw သုံးသူတွေအတွက်ကတော့ Music Lab က ထုတ်တဲ့ Real Guitar တွေ Ample က ထုတ်တဲ့ Guitar တွေ များစွာရှိ့ပါသေးတယ် ။ Kontakt သုံးတဲ့သူတွေအတွက်လည်း Guitar Rhythm ကောင်းကောင်းဖန်းတီးပေးတဲ့ Kontakt Library တွေ ရှိ့ပါသေးတယ် ။

Piano အတွက်တော့ XLN Audio က ထုတ်တဲ့ Additive Keys ကို ညွှန်းချင်ပါတယ် ။ အသံထွက်တွေ အရမ်းလန်းလို့ပါ ။ အမျိုးအစားကွဲ ၁၅ မျိုးပါဝင်ပါတယ် ။ တစ်ခြား EZ Grand Piano တို့ Piano သံ ရှယ်ထုတ်ပေးတဲ့ Kontakt Library တွေလည်း ရှိ့ပါသေးတယ် ။

Keyboard အစစ် မသုံးတဲ့သူတွေအတွက်တော့ အမျိုးအစား အများကြီး ရှိ့ပါတယ် ။ ကျနော့်အကြိုက်ဆို Sampletank 3 ကြိုက်ပါတယ် ။ ဒါပေမယ့် 32 bit မှာ အလုပ်မလုပ်လို့ Nuendo - Cubase သမားများအတွက် အဆင်မပြေပြန်ပါဘူး ။ Cubase အမြင့် 64 bit ဗားရှင်းသုံးတဲ့သူတွေအတွက်တော့ အဆင်ပြေပါတယ် ။ Nuendo - Cubase သမားများအတွက် Korg Plugin 2013 အတွဲလိုက် ကြိုက်ပါတယ် ။ Korg - Roland - Yamaha Motif တို့ကို အသံအစစ်နည်းပါး အထိ တူအောင် ထုတ်ပေးနိုင်တဲ့  Kontakt Library တွေတော့ အများကြီး ရှိ့ပါတယ် ။ 
Hiphop - EDM - R&B - House စတဲ့သူတွေသုံးတာများတာကတော့ nexus - SPIRE - Sylenth 1 - Serum - Massive စတဲ့ Synth Plugin တွေ အသုံးများကြပါတယ် ။

Mixing & Mastering အတွက်ကတော့ Wave Complete ကို အကြိုက်ဆုံးပါ ။ တစ်ခြား သုံးတတ်ကြတာတွေကတော့ Antares Autotune Evo  - Celemony.Melodyne.Studio  -  iZotope Ozone - IK.Multimedia.Lurssen.Mastering.Console - IK.Multimedia.T-RackS - FabFilter.Total.Bundle - Lexicon.LXP.Native.Reverb -Softube စသဖြင့်  ကိုယ်သန်ရာသန်ရာ သုံးတတ်ကြပါတယ် ။

ကျနော်အနေနဲ့ အဆင်ပြေရင် ပြေသလို လိုအပ်မယ့်ထင်တဲ့ ပလပ်အင်တွေကို တင်ပေးသွားပါမယ် ။
အားလုံးပဲ အဆင်ပြေကြပါစေ ။


No comments:

Post a Comment